♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Monday, May 24, 2010

သခင်



ထားရာနေ စေရာသွား
နတ်ဖုရားမထံပါး အခစားဝင်
အမျက်တော် ကြေစေကြောင်း
စကားလုံးကောင်းများ ရှာဖွေ
အခါခါ သံတော်ဆင့်
ပြန်တမ်းတို့ လွင့်မလာတဲ့ အရပ်မှာ
အခွင့်ကို မျှော်လင့်နေကြောင်းပါသခင်......။
ပြန်စဉ်းစားပါဦး သခင်
သခင့်အလိုကျ နေပြခဲ့တာလည်း
ရင်တွင်းမာနတို့ ပါးလျကုန်ပြီ
သခင် တောင်းခဲ့ဖူးသော ကတိအထပ်ထပ်
သစ္စာရှိစွာ စောင့်သိလျှက်ပါ
ဖောက်ဖျက်ရန်ရှိက အကျွန့်အသက်
အလဲအထပ် ပြုပါတယ်သခင်........။
လူပင်မို့ ကြွမိတဲ့အတ္တ
အခါမသင့်တဲ့ ခဏ
ထာဝရမှ မဟုတ်တာသခင်
အမျက်တော် မာန်ရှ
ထာဝရဆိုလျှင်ဖြင့် အကျွန့်ရင်ဘတ်
နုတ်နုတ်တာ စင်းပါတော့
အသည်းနှလုံးကို စဉ်းနှီတုံးလုပ်
သင့်သလိုသာ သုံးပါတော့ သခင်......။
သခင်ဥပေက္ခာ ရှေ့ထား
အကျွန့် ရင်ဝယ်တွင်း နေဆယ်စင်းမျှ
ပူလောင်ခြင်း ဗျာပါဒ
တစ်စ တစ်စ ထကြွနေတာ
သခင် မသိလေရော့သလား
နေနိုင်ရက်အား လွန်လွန်းလှပါတယ်
လှည့်မကြည့်ချင်လည်း ငဲ့ကြည့်ဖို့
ရွှေမျက်နှာတော်တစ်ချက် ၀င့်လျှင်ဖြင့်
ရင်တွင်း အပူတို့ ငြိမ်းအေးရပါပြီ သခင်..........။


စံပယ် ရဲ့ မောင်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment