♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Saturday, March 26, 2011

တခါတုန်းက အချစ်




အရင် အချိန်တွေကို
ပြန်တမ်းတမိတာ က
လူတိုင်းပါ ဆိုရင်
ကျမ ကတော့ ထိပ်ဆုံးကပါ

အရင်က မျက်စိအောက်က
အပျောက်မခံနိုင်အောင်
ချစ်ခဲ့ပါတယ် ဆိုခဲ့တာ
ခုတော့ မျက်စိရှေ့မှာတင်
ပျောက်ဆုံးနေခဲ့ ရပြီလေ

အရာအားလုံးထက်
ဦးစားပေး အလေးထားတဲ့ဘဝက
ခုတော့ အရာရာတွေက
အရေးကြီး နေရပါပြီ

တဖြေးဖြေး စည်းဝိုင်းထဲကနေ
ဘေးရောက်နေတဲ့ ဘဝ
ဘာအပြစ်တွေနဲ့ တရားစွဲ
အပြစ်ပေးနေခဲ့တာလည်း ဆိုတာ
သိချင်လို့.......
ကျမ ဘဝရဲ့ သခင်ရယ်
အမိန့်ချ လိုက်ပါတော့နော်


၂၆-၃-၁၁


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, March 25, 2011

လေပြေလေးပဲ ဖြစ်ပါစေ



ချစ်သူရယ်.....
မြင်ကြည့်လှည့်စမ်းပါ
ကိုယ်က သစ်ရွက်လေးဆို
မင်းက လေပြေလေး တခုပေါ့
လေပြေလေးရဲ့ နှုးညံစွာ
ထိတွေ့ချော့မြူ မှု့တွေကြောင့်
သစ်ရွက်လေး ကပျော်ရွင်စွာ
ကခုန်ခွင့် ရခဲ့တယ်လေ
အရမ်းကိုအေးချမ်း ကြည့်နှုးတဲ့
မြင်ကွင်းလေးတခုပေါ့ နော်

ခုချိန်မှာတော့......
လေပြေလေးရဲ့ တိုက်ခိုက်မှု့တွေ
ကြမ်းတမ်း ရက်စက်လာသလို
သစ်ရွက်လေးကလည်း
လေပြေရဲ့ထိတွေမှု့ကြောင့်
ဗြောင်ဆန်စွာ တစစီဘဝနဲ့
စုတ်ပြတ်သတ် ကြွေကျခဲ့ရတယ်လေ

သစ်ရွက်လေးရဲ့ဘဝက လေပြေလေးလို
ကိုယ့်ဘဝကလည်း မင်းပါပဲ
မင်းရဲ့အချစ်တခုနဲ့ အသက်ရှင်နေသူပါ
မင်းနှလုံးသားကိုကြားအောင် ပြောပြချင်တာက
ကိုယ့်အတွက် မင်းက
ထာဝရ လေပြေလေးပဲ ဖြစ်ပါစေလို့...နော်


၂၅-၃-၁၁(၁၁း၂၄)


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, March 15, 2011

အချစ်လေးမျိုးရှိတယ်တဲ့...........



♥♥1. ego love♥♥
♥♥2. one sided love♥♥
♥♥3. blind love♥♥
♥♥4. true love♥♥

♥♥Ego love♥♥

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို့ ရပါတယ်....

အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...
မျက်စိအောက်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....
အဲဒါ ego love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...
သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေးမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီးပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...

♥♥One sided love♥♥

ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...
အကောင်းဆုံးတွေလုပ်ပေးချင်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာတွေကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှမစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မကြာခင်မှာ
ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...

♥♥Blind love♥♥

ဒီလိုအချစ်အမျိုးအစားကို...စိတ်ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောနေကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့
အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေဝင်လာမယ်...
ဒါဆိုရင် blind love
ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစားမိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး....အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

♥♥True love♥♥

နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါတယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွက်လဲ
မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး....
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ....အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုးမှာ ego love နဲ့ one sided love က
နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့
လဲမှားတတ်ကြပါတယ်...ဆင်တာကိုး...
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး... true love
ကတော့ နှစ်တွေဘယ်လောက်ကြာကြာ
မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်...သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင်.....
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်
သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ.....။


ကဗျာချစ်သူ


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, February 7, 2011

ချစ်သူဖတ်ဖို့


သတိရခြင်းတွေထုပ်ပိုးလို. ..

မင်းဆီအရောက်ပို့လိုက်တယ်ချစ်သူ....

ကြယ်ရောင်တွေလင်းလက်...

လမင်းရဲ့ အလင်းတ၀က်နဲ့အတူ....

အိပ်ပျက်ညတွေကသိပ်များ....

မင်းကို(တအား)ချစ်ခဲ့ပါတယ်....

အပိုလို့ဆိုနေမလားချစ်သူ....

ညရဲ့အလှလည်းမသိနိုင်....

အထီးကျန်တကိုယ်တည်းထိုင်ကတွေး...

မင်းနဲ့ကိုယ် ရဲ့ အနာဂါတ်ရှေ့ရေးလေ...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်.....

လွမ်းရတဲ့ညတွေကိုလွန်မြောက်....

စိတ်ကိုထွက်ပေါက်တစ်ခုပေးလိုက်ချင်တယ်.....

ဒီဘ၀ နဲ့ နောင်ဘ၀များစွာအတွက်....

ဆုတစ်ခုပဲပေးပါလို့

နစ်လိုစွာဆန္ဒပြုမယ်......

မင်းတစ်ယောက်ကိုသာပိုင်ဆိုင်ပါရစေလို့လေ.....

စံပယ် ရဲ့ မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, December 10, 2010

လိုရာသုံး ကကြိုးရုပ်




လျှပ်တပျက် မျက်စိတမှိတ်မှာ
မြင်တွေ့ခဲ့လို့ တပ်မက်ခဲ့
သူ့စိတ်ပျော်ရွှင် စေဖို့ရာ
ထောင့်ငါးရာ နဲ့ ဝယ်သုံးခဲ့
ကကြိုးရုပ် ခမျာ
သူ့လက်အတွင်း အပိုင်ရခဲ့

ဒီလိုနဲ့....
သူတယောက်ထဲ ပျင်းနေချိန်မှာ
ကကြိုးရုပ်လေး ချီပွေ့ခဲ့
ချစ်ကြောင်းတွေ သီချွေ ချိန်မှာ
ကကြိုးရုပ်လေး ပျော်ရွှင်ခဲ့

သူအပေါင်းအသင်းနဲ့ ပျော်နေချိန်မှာ
ကကြိုးရုပ်လေး အဝေးလွင့်ခဲ့
ဥပက္ခာပြု နေချိန်တွေ မှာ
ကကြိုးရုပ်လေး ငိုကြွေးခဲ့

ခုတော့.........
အချိန်တွေ ကြာလာလို့ ရာသီတွေပြောင်းလည်းချိန်မှာ
ကကြိုးရုပ် လေး လည်း ဟောင်းလာခဲ့
သူစိတ်တွေလည်းပြောင်းလာခဲ့ပေါ့

လိုရာသုံး ဘဝနဲ့ မြေခ ခဲ့ရတဲ့
နင်းလိုနင်း ခြွေလိုခြွေ စေလိုရာစေခဲ့ ပြီး
အားရအောင်ကစားပြီး ဟောင်းသွားမှ
အဝေးကိုလွင့်ပစ် ဂျောင်ထိုးခံခဲ့ရတဲ့
ကကြိုးရုပ်လို ကျမ ဘဝ လည်း ထပ်တူပါပဲ

အော် ...လိုရာသုံး ကကြိုးရုပ် ပါလားးးးးးးးးးးးးးးး


မောင့် ရဲ့ စံပယ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, December 8, 2010

ပြခန်းမတင်ဖြစ်ခဲ့သော နှလုံးသားတခု ရဲ့ လွမ်းချင်း



အမှတ်မထင် ဆုံခဲ့ရတဲ့ချစ်သူ

မင်းရဲ့ အသံ ချိုချိုလေးတွေ
စူးရှနက်ရှိုင်း ခဲ့တဲ့ စကားလုံးလေးတွေကြောင့်
မခိုင့်တခိုင် ဖြစ်နေတဲ့ ငါ့နှလုံးသားက
ရင်ခုန်သံတချက်မှာ ယိမ်းနွဲ့လို့ ပါခဲ့ပေါ့

ခဏတာဆိုတဲ့ အချိန်လေးအတွင်းမှာ
မင်းရဲ့အနုအလှ ယုယ မှု့တွေကြောင့်
ရစ်မူးစွာ ဒီနှလုံးသားက
တိတ်တခိုး ချစ်ခဲ့ရသူပါကွယ်

သံယောဇဉ် အခြေမခိုင်သူမို့
အပေါ်ယံ စကားချိုတွေနဲ့
ဒဏ်ယာတွေတော့ မပေးခဲ့ပါနဲ့လား ရှင်ရယ်

ဒါပေမယ့်
မင်းပေးတဲ့ ရင်ခုန်သံလှုပ်ခတ် ခြင်းတွေက
ငါ့အတွက် အမှတ်တရမို့
ရင်တခုလုံး ကွဲသွားပါစေ
မြတ်နိုးစွာ ထာဝရ
မင်းနှလုံးသား မြေမခ ရအောင်
သိမ်းဆည်းထားလိုက်ပါတော့မယ်
ဝေးတနေရာမှ.........ချစ်သူရယ်


မောင် ရဲ့ စံပယ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Thursday, December 2, 2010

နှလုံးသား သစ္စာ





ရင်ခုန်တာ နင် မသိပေမယ့်
နင်သိအောင်လည်း မပြောတော့ပါဘူး
ဝေဒနာ မမြင်မိသူ အတွက်
မြင်မိအောင်လည်း မပြတော့ပါဘူး
ရင်ခုန်သံ မျက်နှာချင်း ဆိုင်ချင်သူမို့
ဗလာကျင်းတဲ့ (နင့်) နှလုံးသားမှာ
မုန်းပွားစရာ အချစ်လည်းမဖြည့်တော့ပါဘူး
လိုအင်ကို အစိမ်းချုပ်
ဆန္ဒကို ရေမှာမျှော
နင်သောသော ရယ်ဖို့ရာ
အစဉ်ရှိ အချစ်တေးတို့
သခင်ဝေးတဲ့ ငါ့ရင်မှာ
ပေးဆပ်ဖို့ရှင်သန်
ဒဏ်ရာတွေ နင်မရအောင်
ခရေ အသွင်နဲ့
မြေပြင်မှာ ဖြန့်ကာကြဲလိုက်မယ်
နှလုံးသားကို လမ်းခင်း
ချစ်သူ...နင်းလို့လျှောက်ပါလေ.........


မောင် ရဲ့ စံပယ်




Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, December 1, 2010

နယ်နမိတ်



ခေါင်းကိုငုံလျက်၊ အနေခက်လျှင်

အရှက်ပြေလေး ပြုံးသူခင်။
ပြုံးတော့ တစ်သွယ်၊ ရယ်တော့ ခစ်ခစ်
စံပယ်နှစ်လို၊ အပြစ်မစက်
မောင့်ညိုညက်လျှင်
သွားကလေးပေါ်လာမြဲ။
ဘယ်လောက်ဝေးဝေး
အတွေးထဲမှာ
ရင်ထဲမှာလေ
ဝေဒနာကောင်းကင်
ဝေဒနာပင်လယ်
ဒီထက်ကျယ်လို့
ချစ်သူ မင်း ဘယ်မှာပုန်းနိုင်မလဲ.................။


လင်းလက်သူ


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

အရိုးသားဆုံးဝင်ခံခြင်း




ရာသီပေါင်းများစွာအထိ

ငြိမ်သက်နေတဲ့ ငါ့နှလုံးသား


မင်းနဲ့မှ လှုပ်ရှားခဲ့


လောကရဲ့ စစ်


ဘယ်လိုပဲဖြစ်ဖြစ်


ငါ့နှလုံးသားလေး


ငြင်ငြင်သာသာပါဘဲ


အသံတိတ်ပေါက်ကွဲခြင်းတွေနဲ့ပေါ့.....


ရပ်နိုင်သမျှ မာနာနဲ့


ဆန္ဒတွေကို ကျားကန်ရင်း


ငါ့နှလုံးသွေးနဲ့ ရေးတဲ့ ကဗျာတွေက


မင်းအတွက်တော့


အဆန်မယ့် လျော်ကြေးလေးပါ.....



စံပယ် ရဲ့ မောင်



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Cyber Love



မင်းနာမည်အရင်းကိုယ်မသိ၊ ကိုယ်နာမည်လည်းမင်းမသိ
မင်းအသက်လည်းကိုယ်မသိ၊ ကိုယ်အသက်လည်းမင်းမသိ
မင်းရုပ်ရည်လည်းကိုယ်မသိ၊ကိုယ်ရုပ်ကိုလည်းမင်းမသိ
မင်းနေရပ်လည်းကိုယ်မသိ၊ကိုယ်နေရပ်လည်းမင်းမသိ။
ဖန်သားပြင်ထက်မှာတော့၊နှလုံးသားချင်းနေ့စဉ်တွေ့ထိ
မင်းအားငယ်နေတိုင်း၊ကိုယ်အားပေးနေမိ
မင်းသောကရောက်နေတိုင်း ကိုယ်မျှဝေခံစားနေမိ
မင်းလျှောက်မယ့်လမ်း မှုန်ဝါးရင်လည်း
လမ်းပြမီးအိမ်လေး ကိုယ်ကိုကြည့်
ဒီလိုနဲ့ပဲ နှစ်ဦးသား သံယောဇဉ်ငြိတွယ်မိ။
မနီးကြပေမယ့် မဝေးကြေး၊ မတွေ့ကြပေမယ့် မဆွေးကြေး
ကွန်ပျူတာရှေ့ ထိုင်လိုက်တိုင်း
ကွန်ပျူတာခလုတ်ကလေး ကိုင်လိုက်တိုင်း
ကိုယ်နှလုံးသားကို မင်းကထိ၊ မင်းနှလုံးကို ကိုယ်ကသိ။
ဒီအချစ်မှာ နယ်နမိတ်မရှိ၊အကွာအဝေးမရှိ
အမုန်းတရားမရှိ၊ စိုးထိတ်ကြောက်ရွံ့မှုမရှိ
သိမ်ငယ်မှုဆိုတာမရှိ၊ ကြေကွဲစရာလည်း မရှိ
မင်းရဲ့ Cyber ချစ်သူ ကိုယ်သာထာဝရ ဖြစ်ရပါလို၏....


လင်းလက်သူ


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, October 11, 2010

မောင်ဖတ်ဖို့ရေးတဲ့စာ ( ၁၀-၁၀-၂၀၁၀ )




ခမ်းနားသောမြစ်ကြီး၏ဘေးတွင် ခေါင်းငုံ့ကာငေးကျန်ရစ်ခဲ့သော မြက်ရိုင်းပွင့်ငယ်လေးများ၏မြတ်နိုးမှုဖြင့် မောင့်ကိုကျွန်မ ချစ်ခဲ့ပါသည်။ ။

မောင်သည် အသားညိုညို အရပ်ရှည်ရှည်နှင့် ယောက်ျားပီသစွာချောမောသူ….။ မောင်ပြုံးလိုက်တိုင်းကျွန်မအသက်ရှုဖို့မေ့လျှက် မောင့်ရယ်သံလွင်လွင်လေးများကို နားထဲမှာအမြဲကြားယောင်နေတတ်တဲ့အထိ ကျွန်မမောင့်ကိုစွဲလမ်းခဲ့ပါသည်…။ အိပ်ယာစောစောထရမှာ ၀န်လေးတတ်သောကျွန်မကို မောင်ကလေသံအေးအေးလေးဖြင့်လာနှိုးတတ်သည်…။ နားထောင်ကောင်းသောမောင့်အသံများဖြင့်နိုးထခဲ့ရသော ကျွန်မ၏မနက်ခင်းများအလွန်လှပနေခဲ့ပါသည်..။ မျက်လုံးမဖွင့်ချင်သေးသော်လည်း မောင့်ကိုတွေ့ချင်စိတ် ၊ မရမကနှိုးနေတတ်သော မောင့်ကိုအားနာစိတ်တို့ဖြင့်ပင် ကျွန်မအိပ်ယာစောစောထတတ်ခဲ့သည် …။ တစ်ခါတစ်ရံ စောစီးစွာနိုးနေတတ်သော်လည်း မောင်နှိုးလာမည့်အသံကိုမကြားရမချင်း အိပ်ယာပေါ်မှမထဘဲ ကျွန်မပေအိပ်နေတတ်ပါသည်…။

မောင်သည်ကျွန်မအတွက် စကားပြောကောင်းသူတစ်ယောက်လည်းဖြစ်ပါသေးသည်…။ မောင်မို့ သူငယ်ငယ်ကအကြောင်း ၊ သူသင်တန်းတက်စဉ်ကာလများကအကြောင်း ၊ သူ့မိသားစုအကြောင်းများ စီကာပတ်ကုံးပြောပြနေပြီဆိုလျှင် ကျွန်မမှာအရာရာမေ့လျော့လျှက် တိုးရှကာစွဲဆောင်မှုရှိသော မောင့်စကားသံများကြား စီးမျောပျော်ဝင်နေတတ်ခဲ့သည်…။

မောင်နှင့်ကျွန်မစတင်တွေ့ဆုံခဲ့ချိန်မှာ တစ်နှစ်ခွဲခန့်သာရှိသေးသဖြင့် သိပ်မကြာသေးဟုထင်ရသော်လည်း ငယ်ပေါင်းကြီးဖော်များလိုရင်းနှီးကျွမ်းဝင်ခဲ့ပါသည်..။ မောင့်ကိုဆိုချစ်သူတစ်ယောက်အဖြစ်သာသဘောထားလို့မရဘဲ သိပ်ရင်းနှီးသောသူငယ်ချင်းတစ်ယောက်လို အစ်ကိုတစ်ယောက်လို ကျွန်မစိတ်ထဲခံစားလို့ရခဲ့သည်…။ အစ်ကိုတစ်ယောက်လိုဟုဆိုသော်လည်း တကယ်တမ်းတော့ မောင်ကကျွန်မထက် အသက်ငယ်ပါသည်…။ကျွန်မထက် အသက်ငယ်သောမောင်သည် သူ့အိမ်မှာသားအကြီးလိုဖြစ်နေတာကတစ်ကြောင်း၊ သူထမ်းဆောင်နေသောတာဝန်များအရကတစ်ကြောင်း လူကြီးဆန်ကာ အိမ်မှာအငယ်ဆုံးမို့ကလေးဆန်နေသောကျွန်မကို အစစအရာရာစီမံခန့်ခွဲတတ်ပါသည်…။

မောင်သည် ကျွန်မကို “မမ” ဟုခေါ်သော်လည်း အဲဒီ “မမ.. မမ” ဆိုတာနှင့်ပဲ ကျွန်မကိုဆရာလုပ်လုပ်သွားတတ်ပါသည်…။ “ အဲဒီမမ..မမနဲ့ခေါ်ရတာကြီးက တင်တင်စီးစီးနိုင်လိုက်တာကွာ..အသက်ကဖြင့်ဘယ်လောက်မှလဲသိပ်ကြီးတာမဟုတ်ဘဲနှင့်..ပြောင်းခေါ်ရင်ကောင်းမယ်ထင်တယ်” ဟုတစ်ခါတစ်ရံကျွန်မကို စ တတ်ပါသေးသည်…။မောင့်ကိုချစ်သောကျွန်မသည် မောင့်ကိုအထင်ကြီးလေးစားစိတ် မောင့်အပေါ်အားကိုးစိတ်တို့ဖြင့်ပင် မောင့်စကားဆိုလျှင် နာခံတတ်သူတစ်ယောက်ဖြစ်ခဲ့သည်...။( ချွင်းချက်အနေဖြင့် မောင်တောင်းဆိုခဲ့သော မောင် လို့တစ်ခါလောက်ကြားဖူးအောင်ခေါ်ပါလား ဟူသောစကားမှလွဲ၍ပေါ့ ) ကျွန်မကမောင့်နံမည်သုံးလုံးထဲမှရှေ့ဆုံးနှစ်လုံးကိုပဲကိုတွေမောင်တွေမတပ်ဘဲ ခေါ်နေကျဖြစ်ပါသည် ..။ မောင်ဟုခေါ်ရမှာလက်တွေ့ကျမ၀ံ့မရဲသောရှက်စိတ်ဖြင့်ပင် ကျွန်မခုချိန်ထိတော့တစ်ခါမှမခေါ်ဖြစ်ခဲ့သေးပါ..။ (စာအုပ်တစ်အုပ်ထဲတွင်ဖတ်ဖူးသောအယူအဆတစ်ခုကို စိတ်စွဲနေ၍ မောင် ဟုမခေါ်မိခြင်းလဲဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကောင်မလေးကချစ်သူကို မောင် ဟုခေါ်သောစုံတွဲတော်တော်များများတွင် ကောင်လေးထက် ကောင်မလေးကပိုချစ်တတ်ကာအဆုံးသတ်တွင် ကောင်မလေးကပဲ ကျန်ရစ်ဖြစ်ရသည် ဟုစာအုပ်ထဲတွင်တော့ ကျွန်မဖတ်ခဲ့ရဖူးသည်.. )

ကွန်ပျူတာဂုဏ်ထူးတန်းဖြင့်ဘွဲ့ရခဲ့သောကျွန်မသည် တကယ်တမ်းကျမောင့်တစ်ဝက်လောက်တောင် ကွန်ပျူတာအကြောင်းကိုမသိခဲ့ပါ…။ ကွန်ပျူတာကိုစိတ်မ၀င်စားဘဲ မိဘများဆန္ဒအရတက်ခဲ့ရသောကြောင့်လား မောင့်လိုစိတ်ရှည်လက်ရှည်လေ့လာသင်ယူရမှာပျင်းတာကြောင့်လားတော့မသိ..။ ကွန်ပျူတာနှင့်ပတ်သက်လျှင် မောင်သည် ကျွန်မထက် အများကြီးပိုကျွမ်းကျင်ပါသည်..။ ကျွန်မနားမလည်သည့် ကွန်ပျူတာအသုံးပြုပုံများအကြောင်းပြောရင်း ကျွန်မအတွက်လိုအပ်သော software များကိုမောင်ကပေးရင်း မောင်နှင့်ကျွန်မ အချိန်တော်တော်ကြာအောင် ကွန်ပျူတာရှေ့မှာရှိနေတတ်ခဲ့ကြသည်..။ မောင်ကျွန်မကိုချီးကျူးလေ့ရှိသော “မမကလဲ ဝေးလိုက်တာကွာ..ဒါလေးတောင်မသိဘူး.. အ ပ” ဆိုသော စကားသံများကိုကျွန်မအလွတ်ရနေတတ်သည်…။ မောင်မို့စိတ်ကောင်းဝင်ပြီး “ ဒီတစ်ခါတော့ငါ့မမကတော်သွားပြန်ပြီဟေ့” ဆိုလျှင်ကျွန်မကတော့ပီတိများဖြင့်ပျော်နေတတ်သည်..။ ( ထိုစကားသည်မောင့်ထံမှအလွန်ကြားရခဲသော စကားလည်းဖြစ်ပါသည်။ )

software တစ်ခုခုကိုလိုချင်ပြီဆိုလျှင် မတွေ့မချင်း အင်တာနက်မှာမအိပ်မနေ နေ့မှညကူးကာရှာဖွေတတ်သောမောင်သည် software ရပြီးအဆင်ပြေပြီဆိုတာနှင့် အိပ်ပျက်ညများအတွက် ကျွန်မကိုပင်မေ့လျော့ကာအတိုးချအိပ်ပါတော့သည်..။ ထိုအချိန်မျိုးတွေမှာ ကျွန်မစိတ်ကောက်ခဲ့လျှင် “မမ..စိတ်မကောက်နဲ့နော် မချော့တတ်ဘူးဗျ” ဟူသောမောင့်ရဲ့ပြုံးစစမျက်နှာပေးအောက်မှာပင် ကျွန်မ၏စိတ်ကောက်မှုတို့အရည်ပျော်ခဲ့ရဖူးသည်…။

“ နိုင်ငံခြားရောက်နေတာကြာပဲကြာနေပြီ…ပဲလဲမများတတ်ဘူး.. ဆွဲဆောင်မှုကိုမရှိပါဘူးကွာ” ဟုကျွန်မကိုမောင်က စ သည့်အခါတွေမှာ “ ဆွဲဆောင်မှုမရှိရင်ဘာလို့လာချစ်နေသေးလဲ..ဆွဲဆောင်မှုရှိတဲ့သူကိုပဲသွားချစ်ပေါ့” ဟုကျွန်မစိတ်ဆိုးစွာမောင့်ကိုပြန်ပြောမိတိုင်း ကျွန်မစကားကိုမောင်သဘောကျစွာအားပါးတရရယ်တတ်သောအသံများသည် ကျွန်မအတွက်တော့ဆည်းလည်းသံချိုချိုလေးများဖြစ်ခဲ့ပါသည်…။

မောင်နှင့်ကျွန်မအနေဝေးနေသော်လည်း မောင်နှိုးသောအသံများဖြင့်နိုးထခဲ့ရသောကျွန်မ၏မနက်ခင်းများ၊ မောင့်ကိုစောင့်ရင်း မောင့်အကြောင်းတွေးရင်းအချိန်ကုန်သွားတတ်သောကျွန်မ၏နေ့လည်ခင်းများ၊ မောင်နှင့်ညနက်တဲ့အထိစကားပြောပြီးမှ အိပ်ယာဝင်ဖြစ်ခဲ့သောကျွန်မ၏ညခင်းများ လှပအသက်ဝင်ပျော်ရွှင်ဖို့ကောင်းခဲ့သည်မှာ မောင့်ကြောင့်ပင်ဖြစ်ပါသည်…။

မိုးရွာချိန်မှာ မောင့်လက်ကိုတွဲပြီးထီးမဆောင်းဘဲမိုးစက်တွေကြားလျှောက်သွားချင်ခဲ့သော၊ မောင်နှင့်အတူဖိနပ်မစီးဘဲလူရှင်းသောလမ်းမကျယ်ကြီးပေါ်ပြေးကြည့်ချင်ခဲ့သော ကျွန်မရဲ့စိတ်ကူးလှလှလေးများကို မောင်ကတော့ “ကလေးဆန်ပြီးပေါတောတောနိုင်တဲ့ စိတ်ကူးတွေ” ဟု ချီးကျူးထောပနာပြုခဲ့ပါသည်..။

ကဗျာရေးတာကိုမကြိုက်သောမောင်က မောင့်အတွက်ကျွန်မကြိုးစားပမ်းစားရေးထားသောကဗျာများကိုပြမိလျှင် “ရေးပြန်ပြီလား ဒီကဗျာတွေက..အချိန်တွေတော်တော်ပိုနေတယ်ထင်တယ်” ဟုအသိအမှတ်ပြုလေ့ရှိပါသေးသည် ...။

( သို့သော်ကျွန်မမွေးနေ့တွင် မှတ်မှတ်ရရ မောင်ကျွန်မအတွက် ကြိုးစားပမ်းစားကဗျာတစ်ပုဒ်မွေးနေ့လက်ဆောင်ပေးခဲ့ဖူးပါသည် … စာကြောင်းရေ ၁၂ကြောင်းပါဝင်သောကဗျာတိုလေးတစ်ပုဒ်ဖြစ်ကာ ကျွန်မအနှစ်သက်ဆုံးမွေးနေ့လက်ဆောင်လေးဖြစ်ခဲ့ပါသည်..။ မောင်ပြောပြသဖြင့် အဲဒီကဗျာလေးရဖို့ မောင်ခေါင်းတွေပူကာ အချိန်တော်တော်ယူပြီးညမအိပ်ဘဲကြိုးစားအားထုတ်လိုက်ရကြောင်း ကျွန်မသိခွင့်ရခဲ့သည်.. )

ကဗျာရေးရဖတ်ရတာသိပ်ဝါသနာပါသောကျွန်မသည် မောင့်ကိုမြတ်နိုးသောစိတ်ဖြင့်ပင် မောင်မကြိုက်သော ကျွန်မချစ်သော ကဗျာရေးခြင်းကိုစွန့်လွှတ်ဖို့ကြိုးစားခဲ့ဖူးသည်..။ မောင်ကပဲအတင်းအကျပ်မတားမြစ်ခဲ့လို့လား၊ အပြင်မှာသူငယ်ချင်းသိပ်မရှိသောကျွန်မကပဲမောင်နှင့်မတွေ့ဖြစ်တဲ့အချိန်တွေမှာ ကဗျာတွေစာတွေနှင့် အဖော်ပြုနေခဲ့ရလို့လားတော့မသိ .. ထိုကြိုးစားမှုမှာယခုချိန်ထိတော့မအောင်မြင်သေးပါ..။

မောင်နှင့်ကျွန်မသည် တစ်ယောက်အပေါ်တစ်ယောက်ချစ်တာချင်းတူကောင်းတူမည်ဖြစ်သော်လည်း မောင်ကကျွန်မကိုလူကြီးဆန်ဆန် ( ချစ်နေတာကိုသိပ်မဖော်ပြဘဲ ) ချစ်ခဲ့ပြီး ကျွန်မကတော့မောင့်ကိုကလေးဆန်ဆန်( ချစ်တဲ့အကြောင်းများမကြာခဏပြောကာ )ချစ်ခဲ့ပါသည်…။

ကျွန်မ၏၀င်သက်ထွက်သက်များရပ်သွားမဲ့တစ်နေ့အထိကျွန်မမောင့်ကိုချစ်နေမည်မှာသေချာပါသည်..။ ( ၀င်သက်ထွက်သက်များရပ်သွားပြီး နောက်ဘ၀ဆိုတာကတော့ကျွန်မသိနိုင်မဲ့အရာမဟုတ်တဲ့အတွက် နောက်ဘ၀အထိမောင့်ကိုချစ်နေမယ်လို့တော့ ကျွန်မမပြောလိုပါ… )

မောင့်ကိုကျွန်မသိပ်ချစ်သောကြောင့် မောင်သည်ကျွန်မ၏အရာရာဖြစ်ခဲ့ပါသည်..။

တနည်းအားဖြင့်….. မောင်သည်ကျွန်မ၏အရာရာဖြစ်ခဲ့သောကြောင့် မောင့်ကိုကျွန်မသိပ်ချစ်ပါသည်..။

မောင့်အပေါ်ချစ်သော ကျွန်မ၏ချစ်ခြင်းတို့ဖြင့် မောင့်နေ့ရက်တွေ ကြည်လင်တောက်ပနိုင်ပါစေ….. မောင်…။ ။

နွယ်ရှင်

( ၁၀-၁၀-၂၀၁၀ )
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Tuesday, September 28, 2010

သိမ်းမယ်

အထပ်ထပ်ကြဲချခြေရာများ
နှလုံးသားပေါ်မြတ်နိုးစွာ
သိမ်းမယ်။
ဘာကြောင့်ပစ်ပစ်ဘယ်လောက်ပစ်ပစ်
မင်းမျက်စောင်းတွေအားလုံး
အချစ်နဲ့လဲပြီး သိမ်းမယ်။
မြင်လိုက်တာနဲ့
စံပယ်ဖူးလို စူသွားတဲ့မင်းနှုတ်ခမ်း
မျက်ဝန်းထဲမှာ သိမ်းမယ်။
ရင်ခုန်သံတွေအပေါ်
နင်းသွားတဲ့ မင်းခြေဆောင့်သံ
နားနှစ်ဖက်နဲ့ သိမ်းမယ်။
အထပ်ထပ်ဝါးထားတဲ့
မင်းပီကေလေး
ခေါင်းထက်မှာ သိမ်းမယ်။
တွေ့လိုက်တာနဲ့ချာခနဲ လှည့်အထွက်
အင်္ကျီကြားက မင်းခါးသားလေး
ဝင်းမွတ်စွာ သိမ်းမယ်။
မင်းချွေးသုတ်ပြီး လွှင့်ပစ်တဲ့
တစ်သျှူးပေါ်က အနံ့လေး
အိပ်ကပ်ထဲမှာ အမြဲသိမ်းမယ်။
အမြဲမလစ်လပ်တဲ့ မင်းနှလုံးသား
လပ်ရဲလပ်ကြည့်အတွေးနဲ့
သိမ်းမယ်။
အရမ်းခံစားပြီး ရေးထားတဲ့ကဗျာလေးပေးဖတ်လိုက်တဲ့
အခါအစိတ်စိတ်အမွှာအမွှာ ဆုတ်ဖြဲပြီး
ဘာကြောင်တာလဲ ဆိုတဲ့မင်းအသံလေးနဲ့ပဲ ထုပ်သိမ်းမယ်။
ရည်းစားတစ်ယောက်က တစ်ယောက်အကူး
ထွက်ကျသွားတဲ့ မင်းရယ်သံ
နှုတ်ခမ်းထက်မှာ သိမ်းမယ်။
နေ့ည တွေးသမျှ အတွေးတွေအကုန်လုံး
မင်းသိမ်းသွားတဲ့အခါ
အကြီးကျယ်ဆုံး အရှုံးတစ်ခု သိမ်းမယ်။
ရည်းစားဘ၀ စိတ်ကောက်ရင်ရာထူးတက်တယ်တဲ့
ရည်းစားမဟုတ်သေးပေမယ့်မင်းစိတ်ကောက်နေတာလေး
စိတ်နဲ့ သိမ်းမယ်။
မတွေ့မမြင်တာကြာလို့ မေးတဲ့အခါဖျားနေတာ
အဖျားတွေ တသက်လုံးသိမ်းပါလား တဲ့
တုံ့ပြန်စကားလုံးများအိမ်မက်ထဲမှာ သိမ်းမယ်။
ရိုက်တော့မယ်လို့မာန်စောင်နေတဲ့
မင်းလက်ဖ၀ါးလေး
ပါးပြင်ပေါ်မှာ သိမ်းမယ်။

အချစ်တစ်ခုတည်းနဲ့သာလိမ်းခြယ်ထားမိတဲ့
ဘ၀လေးကျားသစ်လက်
ငါးမန်းပါးစပ်နဲ့တစ်ဟုန်ထိုး ဟပ်ဟပ်နေတာ
မင်း ...ပြန်မအမ်းတော့ဘူးလားဟင်
သိမ်းချင်လို့ပါ
သိမ်းမယ်။ ။


စံပယ် ရဲ့ မောင်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Wednesday, September 22, 2010

ပြန်လှည့်မကြည့် ကြေး



ချစ်တယ်...ချစ်သူရယ်
မင်းကိုချစ်ရတဲ့ အနမ်းတပွင့်ဟာ
ပျားရည်ထက် ချိုသလို
မင်းကို လွမ်းတဲ့ အလွမ်းတစက် က
တမာထက်ပိုခါးလွန်း ပါတယ်ကွယ်

ချစ်ရက်လေးတွေ
ပြန်ေ၇တွက်လို့ ရင်ခုန်ကြည်နှုးရသလို
လွမ်းရက်တွေကလည်း
ကမ္ဘာ ချီတယ်လို့တောင် ခံစားနေရပါတယ်ကွယ်

မျှော်လင့်ထားတဲ့
တူနှစ်ကိုယ်တိုင်းပြည်လေးသာ
တည်ဆောက်နိုင်ခဲ့မယ်ဆိုရင်
လောကကြီးထဲမှာ အပျော်ဆုံး
အလှဆင်နိုင်ခဲ့တဲ့ ချစ်သူတွေပေါ့ကွယ်

ခုတော့........
လောကနိယာမ အတိုင်းဆန့်ကျင့်ဘက်တရားကြီးက
ကြီးစိုးထားခဲ့တော့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးကွယ်
ချစ်လျက်နဲ့ဝေး လွမ်းတသက်နဲ့ ဆွေးနေခဲ့ရပြီပေါ့

နောက်ဆုံးတော့.......
ကံစီမံ ရာကဘဲ အဆုံးသတ်ပေးခဲ့လေသလားမသိပါဘူး
လွမ်းရင်းနဲ့ဝေးခဲ့ကျတာ ကျောခိုင်းနေမိရက် ဖြစ်နေပြီ
သူ့လမ်းသူရှောက် ကိုယ့်လမ်းကိုယ်ရှောက်နဲ့ ဝေးခဲ့တာ
ခုဆို ကမ္ဘာတဖက်စွန်းဆီကို ရောက်နေခဲ့ကျပြီလေ

ချစ်သူ.........
မင်းနဲ့ ကိုယ်ရဲ့ ရှောက်ခဲ့တဲ့လမ်းအတိုင်း
ပြန်လှည့်မကြည့် ကြေးနော်...........


မောင် ရဲ့ စံပယ်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Sunday, September 12, 2010

ကြွေကွဲအိမ်



ဘဝမှာ...
ချိုမြိန်တဲ့ နာကျင်မှုတွေ ရှိမှ
လှပတဲ့ ကဗျာ ဆိုတာ ပေါက်ဖွား လာတက်တယ် ဆိုရင်ပေါ့
ငါ့ ရဲ့ မဖြစ်နိုင်တဲ့ ချဉ်ခြင်းတပ်မှုတွေ အားလုံးဟာ
နင် မမြင်နိုင်တဲ့ ကမ္ဘာ တဖက်စွန်း ဆီမှာ
နှစ်ပေါင်းများစွာ......

နင်ပြောသလိုဆိုရင်
ငါဟာ ဖိနပ်မပါဘဲ လမ်းလျှောက်နေခဲ့ရသူလား

ချစ်ခြင်းတွေနဲ့
ပြီးတော့.........
နင့်အတွက် ပျော်ရွှင်ခြင်းတွေ
စိုက်ပျိုးပေးခဲ့ဖူးတဲ့ ဥယျာဉ်မှာ
ငါ့ နှလုံးသားတွေ ပွန်းပဲ့ သွေးစို့တဲ့အထိ
ဂရုတစိုက် ပြုစုယုယခဲ့တာ
လူသားပီသစွာနဲ့ပါ.........

ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့
ရှေ့ လူအများပြောတဲ့ စကားမျိုးကိုလည်း
ငါ နဲ့အဝေးဆုံးမှာထားရစ်နိုင်ခဲ့ပါပြီ

ဒါနဲ့များဟာ
ငါ့ဘဝထဲက ကြယ်စင်တွေဟာ
ဘာကြောင့်များ မပြောမဆို ထွက်သွားကြရတာလည်း ဟင်...

ပြတင်း တံခါးတွေ ဖွင့်ထားပါလျက်နဲ့
ကျေးငှက်တို့ရဲ့ သာယာတဲ့တေးသံတွေ
ပီပြင်စွာ ကြားခွင့်မရတဲ့ အရပ်မှာ
ငါ...ငါ တကယ်ပဲ နေ....နေ ရပါတယ်....။

မောင် ရဲ့ စံပယ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, June 21, 2010

ကျေနပ်ခွင့်ပြုပါ




ချစ်သူ.........
မင်းပျော်မယ်ဆိုရင်ပေါ့

ကောင်းကင်တွေအုံ့ဆိုင်းလို့ တိမ်ညိုတွေမှိုင်းလျက်ပေါ့
လေပြေတွေ လှိုင်းထန်နေလို့ ကြယ်စင်တွေ အဝေးသို့လွင့်စင်လျက်ပေါ့
လမင်းကြီးလည်းပျောက်ကွယ်နေလို့ လောကကြီးတစ်ခုလုံးမည်းမှောင်လျက်ပေါ့

ချစ်သူ.............
မင်းတစ်ယောက်သာ ပျော်ရွှင်ကြည်နူးမယ်ဆိုရင်
အုံ့ဆိုင်းနေတဲ့ ကောင်းကင်ကြီးရယ်၊ညိုမှိုင်းနေတဲ့ တိမ်စိုင်တွေရယ်
လှိုင်းထန်နေတဲ့ လေပြေတွေရယ်၊လွင့်စင်သွားတဲ့ ကြယ်စင်တွေရယ်
ပျောက်ကွယ်သွားတဲ့ လမင်းကြီးရယ်၊ မည်းမှောင်နေတဲ့ လောကကြီးတစ်ခုလုံးကို
အလျဉ်းမရှိ ရွှင်းအိတောက်ပလာအောင် ငါဖန်ဆင်းပေးပါရစေသား.....

ဒါကိုမှ မင်းမပျော်နိုင်သေးရင်
ကိုယ် ဆိုတဲ့ ငါတစ်ယောက် မင်းရှေ့မှာ ဒူးထောက်လို့
ကောက်ကွေ့ချင်းမရှိတဲ့ ငါ့ရဲ့  ရင်ခုန်သံ မြစ်တစ်စင်း
ချစ်ခြင်းများစွာနဲ့ မြစ်ဖျားခံတဲ့ မာယာကင်းတဲ့ ချစ်ခြင်းမေတ္တာ
အပြစ်ရှာလို့ မရအောင် ခပ်ခွာခွာကနေပဲချစ်နေပါဆိုရင်လည်း
မင်းရဲ့ ဆန္ဒ မင်းရဲ့ ဘ၀ကို ထာဝရပျော်ရွှင်စေဘို့
ငါ့ရဲ့နှလုံးသွေးနဲ့ ရေးတဲ့ ဒီကဗျာလေးတစ်ပုဒ်နဲ့ ကျေနပ်ခွင့်ပြုပါတော့ ...


မောင့် ရဲ့ စံပယ်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, June 18, 2010

တဘဝလုံးရဲ့ သူရဲကောင်းလေး




စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတဲ့
ငါ့ဘ၀အမှောင်ကမ္ဘာလေးထဲမှာ
ပျော်စရာဆိုတာ ဘယ်မှာလဲ...
အကြင်နာမေတ္တာဆိုတာ ဘာလဲ....
သံယောဇဉ်နဲ့ အချစ်ကို သေချာမသိခဲ့တဲ့...ငါ
ချစ်တယ်ဆိုတဲ့ စကားဟာ ဘယ်သူ့အတွက်လဲလို့ သေချာမစဉ်းစားမိခဲ့တဲ့...ငါ
အရာအားလုံးကို ၀ိုးတိုးဝါးတားနဲ့ နားလည်မှုမရှိသေးခဲ့တဲ့...ငါ
ငါ....ဆိုတာ ဘယ်သူလဲ...
ငါ့အချစ်တွေ က ဘယ်သူအတွက်လဲ...
ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီပေါ့.....
အခုတော့.............
သေချာဝေဖန်ပိုင်းခြားပြနိုင်တဲ့...ကျမဘဝရဲ့ ပိုင်ရှင်လေး...
အချစ်မီးအိမ်ငယ်လေးကို ကြင်နာယုယစွာပိုက်ထွေးလာခဲ့ပြီ...
အရာရာ မသေချာမရေရာ စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်းခဲ့တဲ့...ငါ ဟာ
ဒီတစ်ခါတော့.......
ကံကောင်းခြင်းများစွာက ငါ့ကို ပိုင်စိုးခဲ့ပြီ...
တဒင်္ဂဆိုတဲ့ အချိန်တို တခဏတာလေးမှာ
ဖူးစာရေးနတ်ကများ ငါ့ဘက်ကို မြှားဦးလှည့် လာခဲ့လေသလား......
ငါ့ဘ၀ကို အမှောင်ခွင်းအလင်းပေးခဲ့တဲ့....သူ
ပျောက်ဆုံးနေတဲ့လမ်းလေးကို လမ်းပြကြယ်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းဝင်ရောက်ပေးခဲ့တဲ့....သူ
ကမ်းစပ်ကိုရှာမတွေ့နိုင်ခဲ့တဲ့ ဇနက္က ....ကယ်တင်ရှင် မေခလာ အဖြစ်ဝင်ရောက်အစားထိုးပေးခဲ့တဲ့....သူ
အချစ်လပ်နေတဲ့ ငါ့ဘ၀ထဲကို .....အချစ်လက်နဲ့ကမ်းလင့်ကြိုခဲ့တဲ့....သူ
ငါ့ရဲ့ရင်ထဲကို အကြင်နာ မေတ္တာတွေ ယူဆောင်ပေးခဲ့တဲ့ မင်းကို
အတည်းကျန်ဆန် မှုတွေဝေးကွာသွားစေတဲ့အတွက်
မင်းကို တင်စားမှုလေးတစ်ခုနဲ့
ငါ့ရင်ထဲမှာ ကျောက်စာတစ်ခုအဖြစ် ကမ္ဗည်းထိုး မှတ်တမ်းပြုပါရစေလား
ကျမဘဝရဲ့ သူရဲကောင်းလေး....ရယ်


မောင့် ရဲ့ စံပယ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Saturday, June 12, 2010

စံပယ့် ဘဝ ရဲ့ မောင်




စံပယ် အရမ်းချစ်ရတဲ့မောင်ကို ရင်ထဲက အတိုင်းလေး
တင်စားလိုက်ချင်တယ်....မောင်ရယ်

......လိုင်းကြီး လှေအောက်....ဆိုတဲ့စကားပုံလေးလိုပေါ့
စံပယ့်ဘဝမှာ ဘယ်လိုအခက်အခဲ တွေ
စိတ်ညစ်စရာ တွေ တွေ့ကြုံ နေရပါစေ
မောင် ဆိုတဲ့အင်းအားတစ်ခု နဲ့အရာအားလုံးကို
ကျော်လွှားစေနိုင်ခဲ့တယ်လေ....

......သစ်တပင် ကောင်းရင် ငှက်တသောင်းနား.....တဲ့
အဲ့အတိုင်းလေးပါ စံပယ့်ရဲ့ နားခိုစရာ ရင်ခွင်တခုပေါ့
စံပယ့် ဘဝရဲ့ မောပန်းမှု မှန်သမျှ အားလုံးကို မောင်က
အမောပြေသွားအောင် နားခိုခွင့် ပေးခဲ့တာ
စံပယ့် ရဲ့ ထာဝရ မောင်ပါ....

.......စီးတဲ့ ရေ ဆယ်တဲ့ ကန်သင်း .......တဲ့
စံပယ့် ဘဝ ရဲ့ အဆိုးအကောင်း မှန်သမျှကို
နားလည်မှု တခုထဲနဲ့ အားလုံးလက်ခံပြီး
အကောင်းတွေဘဲလို့ သတ်မှတ်ပေးပြီး
ပြုမှုသမျှတိုင်းကို လက်ခံ အားပေးခဲ့တဲ့
မောင့် ရဲ့ မေတ္တာ ကတော့ဘယ်အရာနဲမှ
နှိုင်းပြစရာ မရှိပါဘူး......

.......မောင် စံပယ်ကိုဘယ်လောက်ထိ ချစ်လည်းဆိုတာ
စံပယ်သာလျှင် အသိဆုံးပါ
ချစ်တက်လွန်းအားကြီးတဲ့မောင်
ပေးဆပ်အနစ်နာ ခံနိုင်လွန်းတဲ့မောင်
နားလည်မှု အပြည့် ရှိတဲ့မောင်
စံပယ့် ဘဝမှာ မောင့်ကို ဘယ်အရာနဲ့မှ
နှိုင်းပြစရာမရှိခဲ့ တော့ပါဘူး........

..........စံပယ်ရဲ့ ရင်တွင်းခံစားချက်ကို
ကြားသိတဲ့ သူတိုင်း မောင် လိုမျိုး
စစ်မှန်တဲ့ အချစ်နဲ့ ချစ်တက်တဲချစ်သူမျိုး လေး
တွေ့ကြုံ ရရှိပါစေလို့ စံပယ်ဆုတောင်းပေးရင်းနဲ့
နောက်ဆုံးပြောချင်တဲ့ စကားတခွန်းက....

* အရမ်းးးးးးးးးးချစ်တယ် မောင်ရယ် ...ဘယ်တော့မှမခွဲဘူး*

* အသည်း နင့် အောင် ချစ် တယ် *

* ပျော် ရွှင် စရာ မိသားစု ဘဝလေးကို တည်ဆောက်ကြမယ် *

* ဘဝ ဆက် တိုင်း ပေါင်း ကြမယ်နော် *



မောင့် ကို အရမ်းချစ်တဲ့ စံပယ်

၅ - ၅ - ၁၀
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, June 11, 2010

ချစ်သူသို့




ငါ......မင်းကိုချစ်တယ်
မင်းဖြစ်နေတဲ့အတွက် ငါချစ်တာတော့မဟုတ်ဘူး
ငါဟာမင်းဖြစ်နေလို့၊ ငါ့စိတ်တွေမင်းအရိပ်လိုက်နေလို့
ငါမင်းကိုချစ်တာ..........
မင်းကိုလွမ်းတိုင်းသာ
လဝန်းကြီးသာပေးခဲ့ရင်
မောင့်ဘဝတွက်အမှောင်ဆိုတာရှိတော့မှာမဟုတ်ဘူး.......
မင်းပေါ်အချစ်တွေပိုတိုင်း
မိုးစက်လေးတို့ ကြွေတတ်ခဲ့ရင်
ကောင်းကင်တောင် ဟင်လင်းဖြစ်လောက်ပြီချစ်သူ............
တစ်ယောက်နဲ့ တစ်ယောက် လွမ်းလိုက်တာ
ချစ်သူရယ်ဆိုတဲ့....
စကားလုံးတွေရှိတဲ့ နေ့ရက်တွေမှာ
မောင်မနေချင်တော့ပါဘူး......
မင်းရင်ထဲကို တိတ်တဆိတ်ဝင်
နှလုံးလားလေးကို အားရအောင်ဖွဖွလေးနမ်းချင်တယ်
နေ့သစ်တိုင်းမှာ၊ ကြင်နာချင်တယ်ချစ်သူရယ်.......


စံပယ် ရဲ့ မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Monday, June 7, 2010

ခံစားမှု



ရန်ဖြစ်ပြီးမှ
ပြန်ချစ်ကြတာ
သဘာဝပါကွယ်။

စစ်ဖြစ်နေတဲ့ ကာလ
အချစ်မျက်ရည်တွေ
အခါခါကျတော့ ...
ရင်ထဲက
တသသ နာလွန်းတယ်။

မခွဲနိုင်မှန်း သိလျက်နဲ့
စကားနိုင်လု၊
သ၀န်တိုမှုတွေ
တဖြည်းဖြည်းစု

စိုးရိမ်ပူပန်မှုတွေ က...
မြင့်သထက်မြင့်
ရန်ဖြစ်တဲ့ အဆင့်ကို
မာန်ဝံ့ပြီး တက်ခဲ့ကြတာ
ဘယ်သူမှားသလဲကွယ်။

အချစ်ရယ်...
ရန်မဖြစ်ကြေး
ပြန်စစ်ဆေးကြမယ်ဆိုရင်...
နင်လည်း .. နာ ၊ ငါလည်း ..နာ
နင်လည်းလွမ်း ... ငါလည်း လွမ်း
နင်လည်း ...ငို၊ ငါလည်း...ငို
ကမ္ဘာပြိုမတတ်ပါဘဲကွယ်။

ချစ်သူ အချင်းချင်း
တိုက်တဲ့စစ်
မုန်းလို့မှ မဖြစ်ဘဲ။

မုန်းမေ့လို့ မရကြမယ့် အတူတူ
( စစ်မဖြစ်ကြေး )
ဟော့ဒီ အချစ်လက်ရေးနဲ့
( ငြိမ်းချမ်းရေး သ၀ဏ်လွှာလေး)
နင့်ကို ...ပေးလိုက်ပါရစေ။

နေ့လည်း... လွမ်း ၊ ညလည်း ...လွမ်း
မျက်ရည်တစမ်းစမ်း နဲ့
ရန်ဖြစ်ပြီးမှ၊ ပြန်နမ်းမိတဲ့ ...အနမ်း
ငါ့ရင်ထဲ
ပိုလွမ်းသွားရပြန်ပြီကွယ်။

စံပယ် ရဲ့ မောင်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

Friday, May 28, 2010

လွမ်းမိပါသေးတယ်



တို့တွေ... သစ်ပုတ်ပင်အိုမှာ
မကွန်းခိုခဲ့ ရပေမယ့်
ရွှေညောင်ပင် အေးရိပ်မှာ
သန့်ရှင်းရေး လုပ်ခဲ့ တာလေး
ငါတော့ အမှတ်ရနေသေးတယ်....။
ကံ့ကော်တောရဲ့ သင်းပျံရနံ့ ကို
ရှူရှိုက်ခွင့် မရခဲ့ပေမယ့်
ရနံ့ ပြယ်သော ချယ်ရီတောကို
ငေးမော ခဲ့ရတဲ့ အခိုက်အတန့်လေး
ငါတော့ ပြန်လွမ်းမိသေးတယ်....။
ပုဂံလမ်းကနေ မျှော်စောင့်နေမယ်
ပြောခွင့် အခါမသင့်ခဲ့ပေမယ့်
ချစ်သူကိုကြိုလင့်ရတာ
ငါတော့ ပိုရင်ခုန်ခဲ့ရဖူးရဲ့....။
ဂျင်ဆင်လမ်းထက် ချစ်ဦးသူလက်ကိုတွဲ
ကြည်နူးစွာ မလျှောက်ခဲ့ဖူးပေမယ့်
အောင်စစ်သည်လမ်းထက် လက်ဆွဲအိတ်ကိုဆွဲ
လက်အပြည့်လွှဲ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်း
ငါတော့ အခုထိ ရဲရင့်နေဆဲပဲ....။
လွတ်လပ်ခြင်းတွေ စိမ်းလန်းတဲ့
ဒဂုံတက္ကသိုလ်မှာ တို့တွေမခိုလှုံခဲ့ ကြရပေမယ့်
ချယ်ရီရိပ်ပျို အမိစစ်တက္ကသိုလ်မှာ
လွတ်လပ်မှုကို မြိုချ ချွေးစက်တွေ ခါထုတ်ခဲ့ရတဲ့
ထိုထို နှစ်များကိုတော့ ငါတို့
ဘယ်လိုမေ့လို့ ရမှာလည်းကွာ....................။


စံပယ် ရဲ့ မောင်




Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed