♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Friday, May 21, 2010

မင်းလေးကြောင့်



ဗင်လာဒင် ရဲ့ အကြမ်းဖက်လုပ်ရပ်
WTC ညီနောင် မြေခလို့ ဗုန်းဗုန်းလဲကျတာလည်း
မင်းလေးကြောင့်မဟုတ်ရပါဘူး.......။
ဟီရိုရှီးမား၊နာကာစကီ နျူကျဲခံရလို့ ပြာကျ
ကမ္ဘာသိ ငါသိ မင်းလေးလည်းအသိ
ဒါလည်းမင်းလေးကြောင့် မဟုတ်ရပြန်ဘူး.........။
ကလီယိုပက်ထရာ ဇာပုဝါပါးလွှမ်းခြုံ
ရောမအင်ပါယာ တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တာ
မင်းလေး....မင်းလေးကြောင့်မှ မဟုတ်တာပဲကွယ်.........။
ညို့အားပြင်း မျက်ဝန်းတစ်စုံနဲ့ အကြည့်ချင်းဆုံ
နှလုံးခုန် ကြိမ်နှုန်း 1500 ထိ ဆောင့်တက်
ငါ့လက်ဝဲ နံရိုးနှစ်ချောင်း အက်တဲ့ ကိစ္စကတော့
မင်းလေးနဲ့ အသေအချာ သက်ဆိုင်နေပါတယ်ချစ်သူ........။

စံပယ် ရဲ့ မောင်


Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment