♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Thursday, December 3, 2009

စံပယ်တပွင့်၏ ဒဏ်ရာ

ဆောင်းရာသီရဲ့ နံနက်ခင်းတခုမှာပေါ့ စံပယ်လမ်းလျောက် ထွက်လာတဲ့လမ်းလေးမှာ
သူ စောင့်နေခဲ့တယ် သူ့လက်ထဲမှာ ဆောင်းနဲ့အပြိုင် သင်းပျံမွှေးကြိုင် နေတဲ့စံပယ်
တွေနဲ့ပေါ့ စံပယ်အနားရောက်လာတော့ သူက *စံပယ်အတွက်စံပယ်ပန်းလက်ဆောင်ပါ*
တဲ့ ဒီနှစ်ဆောင်းလောက်လှပတာမရှိတော့ပါဘူး သူ စံပယ်ကိုနေ့တိုင်း စံပယ်ပန်းလေး
တွေပေးခဲ့တယ် လေ စံပယ်ပန်းနဲ့အတူ တနေ့မှာ *ချစ်တယ်* ဆိုတဲ့စကားလေးပါ ထပ်ဆင့်
ပေးပြန်တယ် စံပယ်ရင်ခုန်မိပါတယ် ၊ မျှော်လင့်မိပါတယ် စံပယ်ပန်းရယ် သူ့ရဲ့အချစ်ရယ်
ထာဝရတည်တံ့ဖို့ပေါ့ စံပယ်စိတ်ကူးလေးတွေနဲ့ ပျော်နေမိခဲ့တယ် ဒီလိုနဲ့ တဆောင်း
ကုန်သွားပြန်ပြီပေါ့ ဆောင်းပျောက်လို့ နွေအရောက် စံပယ်လည်းတုံး မောင်လည်းမုန်းပေါ့..
ခုတော့သူက ခရေချစ်တဲ့ကောင်မလေးနဲ့လေ .. ရက်စက်လိုက်တာလို့တော့ မပြောတော့ပါဘူး
ချစ်ကံခေသူတွေဟာ ဘယ်တော့မှ အချစ်ရေးမှာ နလန်မထူဘူးဆိုတာ သိထားပါတယ်လေ...
အဲ့ဒီနေ့ကစပြီး စံပယ်ဟာ ခရေကိုမုန်းခဲ့တာ ဒီနေ့ထိတိုင်အောင်ပါဘဲ ဘယ်သူကိုမှတော့
အပြစ်မပြောတော့ပါဘူး ရင်ထဲက ဒဏ်ရာလေးဘဲ ကုစားရင်ကျေနပ် နေလိုက်ပါတော့မယ်...


စံပယ် တပွင့် ခြွေနင်း ရက်လည်း
အငြိုး မပါ ဖြူစင် မေတ္တာ
ပေးသနား လှည့်ပါ
မငြင်း ရက်ပါ ထာဝရ အချစ်များ
ချစ်ဦးသူသာ တဘဝလုံး
ပေးခဲ့တာပါ
တဆောင်း ကုန်လို့ နွေအကူမှာ
စံပယ် လည်းတုံး မောင်လည်း မုန်းပေါ့
ခုတော့ သူ့အချစ်
ခရေ တဖြစ် လဲ
အသစ် ဖြစ်ပွား
အချစ် များနဲ့ပေါ့
စံပယ် မှာသာ ရင်တွင်း ဒဏ်ရာ
ဖြေရာ နထ္ထိ
ဆေးမရှိ
စံပယ်ကို သနားလို့တဲ့
ဆောင်းတွေ တောင်ငိုချလိုက်တာ
နှင်းတွေ နဲ့ ဖွေးရော


လတ် (၂၉-၁၁-၀၉)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment