♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Saturday, November 14, 2009

ထာဝရ မင်းအတွက်

မင်းမျက်နှာလေးကိုကြည့် ပြီး
ခံစားလိုက်တာ
အားလုံးမေ့ သွားတယ်....ချစ်သူ
ဘယ်အတွက်ကြောင့် ........
အသဲနင့်အောင်ချစ်သွားရတာလည်း
ခွင့်လွှတ်ခြင်းတွေအားလုံးပေးခဲ့တဲ့ချစ်သူ
နားလည်မှု့ တွေလည်းအကုန်ပေးခဲ့တယ်
တဘဝလုံးအတွက်လည်း
သစ္စာ တရားနဲ့ချစ်မယ်တဲ့
တို့အတွက်.......
မင်းအဲ့လောက်ကောင်းတာတွေပေးပြီးချစ်ခဲ့တာ
ဘာတွေပြန်ပေးရမယ်ဆိုတာ
မသိတော့လောက်အောင်ဝမ်းသာမိခဲ့တယ်
လောကမှာပေးဆပ်ခြင်းနဲ့
ချစ်တက်တဲ့သူရှိသေးတယ်ဆိုတာ
မင်းကို စံ ထားမယ်....
အနစ်နာခံခြင်းရဲ့  ဆုလာဒ် အဖြစ်
ဘုရားသခင်က......
မင်းကိုတို့အတွက် ဖန်ဆင်ပေးခဲ့တယ်ဆိုရင်
တို့ကလည်း မင်းအတွက်....
ထာဝရ ပန်းတပွင့်
ဖြစ်စေရမယ်လို့ ကတိပေးပါတယ်......ချစ်သူ

ပန်းလေးတပွင့်
အနမ်းလေးစွင့်
အလှမ်းလေးလွင့်လို့
စွေ့စွေ့ လေးပွေ့
ထွေးထွေးလေးရင်မှာပိုက်
နှလုံးသားနားမှာသိပ်လို့
ထာဝရသိမ်းထားမယ်
ယုယမြတ်နိုး
အကြင်နာတိုးလို့
ဝေဒနာမိုး မရှိအောင်
အမြဲတမ်းသွေ့ခြောက်စေမယ်
အကြင်နာ အနမ်းတွေနဲ့ပေါ့

လတ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment