♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Saturday, November 14, 2009

နောင်ဆုံးချိန်

ငါ့အတွက် ကံကြမ္မာ တံတားက
စဖောက်ထဲက မခိုင်ခဲ့တော့
အကြိမ်ကြိမ် ကျိုးခဲ့ရတာပေါ့

ချစ်သူကို ချစ်ခဲ့ရတဲ့အချစ်
နှလုံးသွေးထွက် မရပ်အောင်ဖြစ်ခဲ့တော့
ဆရာဝန်တောင်လက်မှိုင် ချခဲ့ရတာပေါ့

ခုတော့....ငါ့တယောက်ထဲရဲ့  ကမ္ဘာ မှာ

ကောင်းကင်ကိုမော့ကြည့် တော့
အှုံ့  မှိုင်း မဲ မှောင် လို့ ပေါ့
ငါ့အတွက် ဆည်းဆာဆိုတာမရှိခဲ့

မြေပြင် ကို ငုံ့ကြည့် ပြန်တော့
ပူလွန်းလို့ ပက်ကြားအက်တွေနဲ့
ငါ့အတွက်တလင်း ဆိုတာမရှိ

ရေပြင်ကို လှမ်းကြည့် လိုက်တော့
အဏ္ဏဝါ မုန်တိုင်းက ဝါးမျိုမယ်တကဲကဲ
ငါ့အသက်ကသူ့လက်ထဲ လွတ်လမ်းရယ်မရှိ

အရာအားလုံးနတ္ထိ ဘဝနဲ့ငါ
ပြန်လမ်းရယ် မရှိလေတော့
သေလမ်းကိုသာမျှော်နေရော့လေ
ကျန်နေတဲ့ လက်ကျန်ရက်လေး
အပျော်ဆိုတာ မစဉ်းစားဘဲ
သူ့ အတွက်သာ ပေးဆပ်လိုက်ပါ

နတ္ထိ ဗလာ ရင်မှာပိုက်
ရှိတာ အကုန် ပေးလိုက်
ငါ့ရင်ထဲကလက်ကျန်အချစ်
မင်းအတွက် အကုန်ဖြစ်စေ
ကမ္ဘာကုန်သည် အထိပေါ့..
....နော်...ချစ်သူ....

လတ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment