♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Saturday, November 14, 2009

လှည့်စားသူသို့

လေအဝှေ့တချက်မှာ
ဖြေသိမ့်စရာမရှိခဲ့ပါ
ခပ်လှုပ်လှုပ်ရွက်ခြောက်လေးက
မြေမှာခကြွေကာကျရပြီပေါ့..။

ဖွင့်ဟပြောလာ
စကားတခွန်းမှာ
ရင်ထဲမှမလာခဲ့တော့
လက်ခံမိသူကရှုးရတာပေါ့..။

နင်ပေးခဲ့တဲ့ကတိစကားတွေ
အခုများတော့ဘယ်နားရောက်နေ
ငါဘဝကိုတခါသေခဲ့ရင်းက
နင်နဲ့ကျတော့နှစ်ခါသေခဲ့ရပြီပေါ့..။

ဘယ်အငြိုးနဲ့ရိုက်ခိုက်လာ
ဒီဘဝသာကျေစေပါ
ထက်ဆင့်ခဲ့တဲ့ဒဏ်ရာများ
နင်ကျေနပ်ပေးပါလား..။

အနီးဆုံးမှာရှိနေလည်း
ဝေးဆုံးရောက်နေသလိုဘဲ
ရင်ခုန်သံရိုင်းရဲ့ တောက်ပမှု့တွေ
ခုတော့ဘယ်ဆီများရောက်နေ..။

တောင်းပန်ပါတယ်အချစ်တွေရယ်
ကြောက်လှပါပြီကွယ်
လိမ်ညာလှည့်စားအချစ်တွေများ
ဝေးဝေးသွားပါလား........။


လတ်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment