♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Friday, April 2, 2010

အချစ်…. စောင့်မျှော်ခြင်း



လူ့ဘ၀မှာ ဘယ်လောက်နေရမယ်ဆိုတာ သင်သိနိုင်လား
ရေစက်ဘယ်ချိန်ထိရှိတယ်ဆိုတာ သင်သိနိုင်လား
ဒါပေမဲ့ အချစ်က တစ်ဘ၀လုံးရှိသွားမယ် လက်တွဲဖော်အဖြစ်။
တစ်ဘ၀လုံးမှာ ဒီအချစ်တစ်ခုကိုရှာဖွေမယ် မြတ်နိုးမယ် တွယ်တာမယ်
အချစ်စစ်မှန်ရင် မတောင်းတပဲဆုံတွေ့လိုက်ရတာပါပဲ။
စောင့်မျှော်ခြင်းနဲ့ပေးဆပ်ခြင်းရှိမယ်။ တစ်ဘ၀လုံးကို ပေးဆပ်နေရပါစေ။

နှလုံးသားတိုင်းမှာ အချစ်ဆိုတဲ့ အခန်းငယ်လေးရှိတယ်။ အခန်းငယ်လေးက ကိုယ်ချစ်တဲ့သူရဲ့ မြတ်နိုးမှု လိုလားမှု လက်တွဲမှု ထာဝရတွေကို မျှော်လင့်နေတာပါ။
လူတိုင်းမှာ တွေ့ဆုံသင့်တဲ့ အချစ်ကိုယ်စီရှိပါတယ်။ မလွဲခဲ့ရင်ပေါ့။
ဒီအချစ်စစ်တစ်ခုအတွက် အခန်းငယ်ရဲ့ တံခါးကို ပိတ်မိမယ် ဖွင့်မိမယ်။ ဘယ်သူများကိုယ့်တံခါးကို ဖွင့်မလဲဆိုတာကို မျှော်လင့်နေကြတယ်။

အချစ်က ၀ိုင်အရက်ဖြစ်သွားရင်
ဝိုင်တစ်ခွက်ကို သောက်နေရသလို လွမ်းဆွေးဆွေးလေးဖြစ်နေမယ်။ ဘာကို တောင်းတမိနေမှန်းမသိဘူးဖြစ်နေမယ်။
အချစ်ဟာ အရက်နဲ့ တူရင် မေ့ရခက်မယ်။
အချစ်က ကော်ဖီတစ်ခွက်ဖြစ်ရင်
ခါးခါးလေးနဲ့ အရသာရှိမယ် သောက်ပြီးရင် ချိုမြိန်နေမယ်။ ဒီလို ကော်ဖီတစ်ခွက်ဟာ စွဲလန်းစေမှာပါ။

အချစ်ဟာ ရေနွေးကြမ်းတစ်ခွက်ဖြစ်ရင်
သောက်ရတာအရသာမရှိပေမဲ့ ပေါ့ပါးမယ်။ ဒါပေမဲ့ စောင့်မျှော်ခြင်းနဲ့ ပေးဆပ်နေရမယ် ဆိုပြီး ဖြစ်လာမယ်။ ရေနွေးကြမ်းနဲ့ တူရင်တော့ ရိုးရိုးလေးနဲ့ ခိုင်မြဲနေမယ်။

အချစ်ဟာ ကျယ်ပြန့်လှတဲ့ ပင်လယ်နဲ့ တူရင်
လူ့လောကကို အလှဆင်တဲ့ ခရုခွံလေးနဲ့တူမယ်။ ပင်လယ်နဲ့ တူရင် အချစ် သံယောဇဉ် နာကျင်မှု ယူကျူံးမရမှုတွေရှိနေတယ်။

အချစ်က ထူးဆန်းလျှို့ဝှက်တဲ့ နန်းတော်ဖြစ်နေမယ်ဆိုရင်
လူသူမသိတဲ့ ပုံပြင်လေးတွေရှိနေမယ်။ နန်းတော်ထဲကို အမြဲတမ်းတွေးဆ မှန်းမျှော်နေမယ်။ အချစ်တိုင်းမှာ လှပမှုရှိသလို ငြီးငွေ့မှုလဲရှိနေမယ်။
မူးရစ်စေတဲ့ အချစ်လား တစ်ဘ၀လုံး နာကျည်းမှုနဲ့ ဆက်လျှောက်နေရတဲ့ အချစ်လား။
အချစ်က ပျော်ရွှင်စေနိုင်သလို ၀မ်းနည်းမှုလဲပေးနေပါတယ်။

အချိန်တွေက တရွေ့ရွေ့သွားနေပါတယ်။ ဒါပေမဲ့ အချစ်ကတော့ မကုန်ပါဘူး။ စောင့်မျှော်တာလဲ စောင့်မျှော်ဆဲပါ။ အချစ်ဆိုတာ ကုန်သွားနိုင်တဲ့အရာမဟုတ်ပါဘူး။
အရင်ဘ၀ကသာ မမျှော်လင့်ခဲ့ရင် ဒီဘ၀မှာထပ်ဆုံနိုင်မှာလား။
သင်ပိုင်ဆိုင်နိုင်တဲ့ အချစ်ဆိုတာ သင်ပေးဆပ်ရမဲ့ သင်ချစ်သူရဲ့စောင့်မျှော်ခြင်းပါပဲ။

လွမ်းရမှာသိတယ်။ မလွမ်းအောင် သင်ပေးဆပ်လား။
မိုးလောက်မြင့် ပင်လယ်လောက်ကျယ်တဲ့ သစ္စာစကားတွေမလိုဘူး။
မျှော်လင့်နေတယ်ဆိုတာ အဆုံးသတ်မရှိတဲ့ စောင့်စားမှုပါ။
ဒီလိုမှ အချစ် ဆိုတာ စစ်မှာပါ။

အချစ်ကပေးတဲ့နာကျင်မှုတွေ ဒဏ်ရာတွေကိုငါရထားတယ်။ ခါးသီးတဲ့ အဖြစ်တွေ ချိုမြိန်တဲ့ အဖြစ်တွေလဲ ရှိတယ်။ ဒီအချစ်အတွက် မျှော်လင့်မှုက ပြတ်သားနေသေးတယ်။ ဒီအချစ်အတွက် ရင်ခုန်မှုကလဲ ကြားနေရသေးတယ်။ နှလုံးသားထဲက အခန်းငယ်လေးမှာ နွေးထွေးတဲ့ မီးအိမ်လေးကို ထွန်းထားတယ်။ ပြတင်းပေါက်လေးကို ဖွင့်ပြီး ကောင်းကင်က ကြယ်လတွေကို အတူတူကြည့်ဖို့ မင်းကို စောင့်နေတယ်။ မင်းရဲ့အချစ်နဲ့ ငါ့ရဲ့နှလုံးသားကို နေရောင်ခြည်တွေလို ထွန်းလင်းတောက်ပပေးပါ။ မနက်တိုင်းမှာ နွေးထွေးတဲ့ နေရောင်ကပွေ့ဖက်ပြီး ညတိုင်းမှာ လင်းလက်တဲ့ ကြယ်လေးတွေရဲ့ အနမ်းကို လိုချင်တယ်။
ငါနားလည်တယ်။



Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment