♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Friday, March 26, 2010

ကျွန်တော်ချစ်သူ


ကျွန်တော်မှာ အရမ်းချစ်ရာကောင်းတဲ့ချစ်သူတစ်ယောက်ရှိတယ်...
သူမ ဘယ်လိုဘဲနေနေ ကျွန်တော်အတွက်ကတော့ သူမဟာအရမ်းကို
ချစ်ဖို့ကောင်းပါတယ်....ကျွန်တော်တို့ နှစ်ယောက် နေ့တိုင်း အချိန်တိုင်း
တွေ့ဖြစ်ကြပါတယ်...“As Good as It Gets” ရုပ်ရှင်ထဲက မင်းသား
Jack Nicholson က မင်းသမီး Helen Hunt ကို ချီးကျူးသလိုပေါ့။
“မင်းကြောင့် ငါလူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်” ဆိုတဲ့အတိုင်း
ကျွန်တော်တို့ တစ်ဦး အပေါ်တစ်ဦးနားလည်ခဲ့ကြတယ်...လူကောင်းတွေပိုဖြစ်ချင်ခဲ့ကြတယ်။
ဖုန်းထဲက သူမရဲ့ "ဟလို" ဆိုတဲ့ အသံကိုကြားရုံနဲ့ သူမစိတ်ညစ်နေမှန်း
ကျွန်တော်သိတယ်။ နားလည်ပေးမှု ဆိုတာ ဘာလဲဆိုတာကို ကျွန်တော်စတင်
သဘောပေါက်လာတယ်။ ဟတ်ချိုးချေတိုင်း ပါးစပ်ပိတ်တတ်တဲ့ သူမကို "မောင်တို့
ကလင်မယားအတိုင်းပဲ ပုံစံတူတယ်" လို့ ရီးပြီးပြောလိုက်တိုင်း သူမကြောင့် လွတ်လပ်
မှုဆိုတာ ဘာလဲဆိုတာကို ကျွန်တော်စသဘောပေါက်လာတယ်။
"မောင်လုပ်လိုက်မယ်" ဆိုတဲ့ ကျွန်တော်ရဲ့ ဦးဆောင် မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက်ချရင်
ကောင်းမလဲဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို သူမတွေးတောစရာ မလိုတော့ဘူး။
"ဆောရီး" ဆိုပြီး ကျွန်တော်အပြစ်တွေအတွက် ချော့ လာတတ်တဲ့ ကျွန်တော်ကြောင့် သူမဆိုးချင်တိုင်း
ဆိုးခွင့်ရခဲ့တယ်။ ညအိပ်ရာမ၀င်ခင်ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ ပြောတက်တဲ့ ကျွန်တော်ကြောင့်
ညအမှောင်ရောက်လာမှာကို သူမ မကြောက်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။
"မကြောက်ပါနဲ့.. ချစ်သူ အနားမှာ မောင်အမြဲရှိတယ်" ဆိုတဲ့ ကျွန်တော်ရဲ့ အားပေးစကားကြောင့် ဘ၀ကို
ရင်ဆိုင်ဖို့ သူမ မှာ ယုံကြည်မှုတွေ ပိုရပါလိမ့်မယ်။ သူမဘေးနားမှာ ကျွန်တော် အမြဲတမ်းရှိနေတယ်ဆိုတာ
သူမသိပါတယ်။ 24 နာရီ ရဲ့ စက္ကန့်တိုင်းမှာ သူမကိုလွမ်းနေတယ်ဆိုတာ သူမသိပါတယ်။ ကျွန်တော်ရဲ့ အချစ်ကို
သူတန်ဖိုးထားသလို ကျွန်တော်ရဲ့ အားနည်းချက်တွေကိုသူမကချစ် သတဲ့။ ကျွန်တော်ရဲ့ အကြင်နာ၊ အယုယ တွေကသူမအတွက်ပဲလေ။ အရမ်းချစ်ပါတယ်ချစ်သူ......။ ဘယ်တော့မှမပြောင်းလဲတဲ့အချစ်တွေနဲ့ပေါ့.........။


စံပယ် ရဲ့ မောင်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment