♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Tuesday, December 15, 2009
ပေးဆပ်ခြင်း * ချစ် *
မင်းမုန်းမယ် ဆိုရင်လည်း
အပြုံး မပျက် အမုန်းတွေ ပွေ့ဖက်လို့
အသက်ထက်ဆုံးထိ
ရင်ကွဲ ခံလို့....
လက်ခံလိုက်ပါ့ မယ်
မင်းထားခဲ့လို့ ဒဏ်ရာများစွားနဲ့
ကျန်နေခဲ့မယ်ဆိုရင်လည်း
တွယ်တာခဲ့ရတဲ့ သံယောဇဉ် တွေနဲ့
ကွယ်ရာကနေပြီး....
ထာဝရချစ်နေပါ့မယ်
သံယောဇဉ် အခြေပဲ့နဲ့
အနေခက် နေရတဲ့ဘဝ
ဘဝ ပဲ့ကိုင်ရှင် က
စေလိုရာ စေ...
နှလုံးသား ကိုလိုရာ သုံး
တစစီ ဖဲ့ခြွေ ပြီးမှ
ဂဏန်း ခြေဖြုတ် ဘဝနဲ့
မင်းသွားလိုရာ..သွားနိုင်ပြီ ဆိုလည်း
အဲ့ဘဝလေး နဲ့ပဲ
ကျေနပ်ပြီး အဝေးကို ဖယ်မခွာ
အသက်ပါ ပေးလို့
မင်းအနားမှာဘဲ
ပေးဆပ်ခြင်းတွေနဲ့
စောင့်စားနေချင်သူပါ......ရှင်ရယ်
လတ် (၁၅-၁၂-၀၉)
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed
1 comment:
  1. ဖက်​ရတာ စာအ​ရောင်​က မ​မြင်​ရဘူး စာအ​ရောင်​ပြန်​​ပြောင်​ရင်​​ကောင်​တယ်
    ကျ​နော်​ copy ကူးသွာပြီ ကျ​နော်​ fb မှာ တင်​ခွင့်​ပြု့ပါ
    အမြဲးဝင်​ဖတ်​​နေပါတယ်​ အသစ်​​တွေလဲ တင်​​ပေးဘို့​တောင်းဆိုပါတယ်
    ReplyDelete