♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Thursday, October 8, 2009

မသိခြင်း တံခါးချပ် သို့ ကျမ

အနှေးအမြန်မသေချာသော နေ့စွဲတွေနဲ့အတူ လိုက်၍ကြွေလာသော သစ်ရွက်ကလေးတွေ
တံခါးချပ်ရဲ့ ဘေးမှာစုပုံနေပြန်ပြီ ။အဝါရောင်တချို့ နဲ့ ..အစိမ်းနုရောင်တချို့ ။ဘူတာရုံဆီမှ
ရထားဥသြသံ အဆုံးမှာ နံရံပေါ်က ကျမ၏ပုံရိပ် စီးကရက် မီးခိုးတန်းတွေထဲ စိမ့်ဝင်ကူးစက်သွား...
ကျမနဲ့ မသိခြင်းတွေ ပိုပြီးနီးကပ်လာသည် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့် မနက်ဖန်တွေက
မသိမသာ ပိုလှလာတတ်တယ် ။ တခါတခါ အဲ့မသိခြင်းတွေကြောင့်ပဲ မနက်ဖန်တွေကို သိသိ
သာသာကြီးမျှော်လင့်ရေတွက်နိုင်တယ် ။တခါတခါ အဲ့ဒီမသိခြင်းတွေကြောင့်ပဲ ခြောက်ခြား
စရာမနက်ဖန်ဆိုတာတွေကို မသိချင်ယောင်ဆောင်ပြီး အေးခဲနေတဲ့ လက်ဖဝါးတွေ ခပ်ဖွဖွ
ဆုတ်ဖွတ်ပြီး ကဗျာတွေ အရွတ်မပျက် ရှင်သန်နေထိုင်ခဲ့ရတာပဲ မဟုတ်လား.........။

အဲ့ဒီလိုအေးစိမ့်စိမ့် သောကြာနေ့ ညနေခင်းတွေက ကျမကျောပေါ်ခုန်ခုန်တက်လာပြီး
မကြာခဏ တံခါးလာလာခေါက် တက်သေးသည် ။ မဟုတ်သေးပါဘူး ။ ဒါဟာ နွေရာသီစစ်စစ်ပါ ။
တကယ်ဆို ဒီလိုအချိန်မျိုးမှာ အလင်းယိုင်ဖို့ဆိုတာ သိပ်ကိုစောလွန်းတယ် ။ ကျမတို့အားလုံး
အိမ်ပြန်ချင်လှပြီ ။ကျမ လက်သီးဆုတ်တွေ ခပ်ဖွဖွဖြေ ချ လိုက်သောအခါ မဖြစ်စလောက်သုံးမြှောင့်
ဖန်တုံးလေးကလေး တစစီကွဲကြေသွားသည် ။ စနေနေ့ အစောပိုင်းဆီမှ သက်တန့်ရောင်
အပိုင်းအစ တွေကို ကျမ မချစ်တတ်ပါ ။

ရှိပါစေတော့ ။
တံခါးချပ်ရှေ့က ညနေခင်းတခုစာ ခြေသံတွေကို ကျမပြန်ခေါက်သိမ်းလိုက်ရုံပါပဲ ။
ရှိပါစေတော့ ။
ခေါက်သိမ်းလို့မရတဲ့ ခြေရာတွေဆိုတာက ။
ရှိပါစေတော့ ။
သံတူးကြောင်းကွဲ ခရမ်းဖျော့ရောင်ဒီညနေခင်းမျိုးမှာ ။

အဲ့ဒီတံခါးကို ကျမချစ်တယ် ။ အဲ့ဒီ့တံခါးကို ကျမကြောက်တယ် ။ အဲ့ဒီတံခါးမှာ ကျမနဲ့ကျမရဲ့
စိတ်ဝမ်းကွဲမှုတွေရှိတယ် ။ အဲ့ဒီ တံခါးကိုကျမရဲ့ ဝိရောဓိတွေနဲ့ တင်းတင်းစေ့ထားခဲ့ရတာ ။အဲ့ဒီတံခါးကို
ပိတ်ပစ်လိုက်ချင်တယ် ။ အဲ့ဒီတံခါးကို ကျမဖွင့်လိုရောရနိုင်မလား ။ အဲ့ဒီတံခါးက ကျမနဲ့ကျမရဲ့
ပြီးပြည့်စုံခဲ့ပြီးသော အရာအားလုံးကို ဆွဲဖွင့်သွားခဲ့တာ ။

တောင်ကုန်းကလေးအဆုံးဆီက တလွင့်လွင့် အူတက်လာသော မီးခိုးငွေ့တွေက ကျမရဲ့ညတွေကို
ရင်းနှီးကျွမ်းဝင်လိုစိတ်နဲ့ ခဏခဏလာ ဆေးရောင်ခြယ်တတ်တဲ့ အရောင်လှလှ အိမ်မက်ကလေးတွေ ။
တရေးနိုးထကြည့်လိုက်တဲ့အခါတိုင်းမှာတော့ ကြယ်ရိပ်ကလေးတွေက ဘာမှ မသိသလို ကျမ
အိပ်ရာနဘေး ပြတင်းပေါက်မှန်ချပ်တွေပေါ် တဖွဲဖွဲ တလက်လက် စည်းချက်ညီညီ ကြွေကျနေတတ့်မြဲ ။
ရာသီအပြောင်းအလဲမှာ သက်ပြင်းရှိုက်သံတွေက ပိုပြီး စိတ်စိတ်လာသလိုပဲ ။

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည်

တစုံတဦး၏ ကျမနာမည် အော်ခေါ်သံကြားလိုက်သော်လည်း ပြန်ထူးပစ်လိုက်ဖို့ဆိုတာက သိပ်ကို
ဝေးသွားပြီ ။ မြူတွေဆိုင်းနေသော ခုလိုညနေခင်းမျိုးမှာ အလင်းတစက်စာကလေးကိုငတ်မွတ်ဆာလောင်
နေသူတွေရှိတယ် ။ညနေခင်း၇ဲ့ ကြေကြေကွဲကွဲ ဟစ်အော်သံတွေ ပဲ့တင်ထပ်လာသည်။
ဆွံ့အတိတ်ဆိတ် ဟန်ဆောင်နေတဲ့ ကောင်းကင်ကြီးကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားဆဲ ။
ဘုရားရေ..........အဲ့ဒါကျမရဲ့............♥♥♥♥♥♥♥♥

နှစ်ရှည်လများ အကျွမ်းတဝင်နေထိုင်လျှင် တမြည့်မြည့် ကျွမ်းလောင်စေတတ်သော အရာကို
သံယောဇဉ်ဟုခေါ်သည် ။ ။

ဆက်လက်စောင့်မျှော်ပါ

လတ်

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment