♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Friday, September 25, 2009

အချစ်ကို ပုံဖော်ခြင်း

ညက ကျွန်မ တညလုံး အိပ်မပျော် အတွေးလေး တွေးနေမိတယ် သူနဲ့ ကျွန်မ
အရမ်း ချစ်ပြီး ဘာလို့ကွဲခဲ့ရတာလည်းလို့လေ စဉ်းစားရင်းနဲ့ အဖြေတစ်ခု ပေါ်လာတယ်
အဲ့ဒီအဖြေလေးကို သူငယ်ချင်းတို့ကိုပြောပြချင်တယ် အသုံးဝင်မယ်လို့ ထင်တယ်နော်

သူငယ်ချင်းတို့ရေ..............

ပထမအနေနဲ့.....ရွံ့ ပျော့ပျော့တစ်တုံးကို ယူလိုက်ကျပါစို့
နောက်တခု အနေနဲ့...လုပ်မယ့်သူ၇ဲ့ လက်နှစ်ဖက် နော်
ရွံ့ တုံး ကိုတော့အချစ်လို့သတ်မှတ်မယ်
လက်နှစ်ဖက်ကတော့ ချစ်သူနှစ်ယောက်ပေါ့နော်
စမယ်နော်....လက်ညီစွာနဲ့ ရွံ့တုံးမှာ အရုပ်လေးတခုလုပ်မယ် လက်နှစ်ဖက်တူညီစွာ
လုပ်ဆောင်မှု့ အတွက် အရုပ်လေးက လှပတဲ့အရုပ်လေးဖြစ်လာမယ်...
အဲ့တာ အရမ်းချစ်တဲ့ အချိန် စိတ်တူညီစွာနဲ့ လက်ညီပြီး ကြည်နှုးနေရတဲ့အချိန်လေးပေါ့
နောက်တခါ ....လက်တဖက်ကလုပ်မယ်...တဖက်ကရှုပ်မယ် အဲ့တာဆိုရင်တော့
ပုံက တော်တော်ရုပ် ဆိုးမယ်နော် ဘာအရုပ်မှလည်း ဖြစ်လာမှာမဟုတ်တော့ဘူး
အဲ့လိုဖြစ်လာပြီဆိုရင် သတိထားရတော့မယ် ပြသနာဆိုတာလေးတွေ ဖြစ်ပေါ်လာတော့မယ်
လက်မညီကျတော့ဘူး အပြစ်တွေ မြင်လာပြီ လို့ပေါ့
အဲနောက်တဆင့်က....နင်မလုပ်ရင် ငါမလုပ်ဘူးဆိုပြီး လက်နှစ်ဖက်လုံးရပ်နေတဲ့အချိန်
အဲ့တာဆိုရင်အရုပ်လည်း ဘာပုံမှမထွက်လာတော့ဘူးပေါ့ ကြာလာတော့ရွံ့ လည်းခြောက်ပြီး
ပစ်လိုက်ရတယ်လေ အရုပ်လည်းမဖြစ် အသုံးလည်းမဝင်ပေါ့
အချစ်တွေ အပြစ်မြင်လာကျပြီ အချစ်တွေနဲ့ဝေးကွာခြင်း ခြောက်သွေ့ခြင်း လွမ်းခြင်း ခံစားရခြင်း
တွေဟာ ချစ်သူနှစ်ဦး ဘက်မညီကျလို့ဖြစ်လာတာတွေပါ

အဲ့တာကြောင့်သူငယ်ချင်းတို့ လက်ရှိအချစ်နဲ့ ချစ်သူလေးတွေ ရှိကျရင်
ပြန်ပြီး ညှိနှိုင်း တိုင်ပင်ကျရအောင်နော် တက်ညီလက်ညီနဲ့ စိတ်ခြင်းတူညီစွာ
အချစ်ရုပ်လေးတခု လှလှလေး ပုံဖော်ကျရအောင်နော် ဘယ်လိုလည်း..........

ယုံကြည် .. သစ္စာ...နာလည်မှု့ တွေနဲ့ ပေါင်းစပ်ပြီး
ရာသက်ပန် ချစ်နိုင်ကျပါစေလို့ ဆုတောင်းရင်း
ချစ်တဲ့သူတိုင်း ထာဝရဆုံဆည်း နိုင်ကျပါစေနော်
မေတ္တာဖြင့် ဝေမျှလိုက်ပါသည်
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment