♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Monday, September 28, 2009

နောက်ကျမှတ်းတမ်း

ဘဝခရောင်းလမ်းရဲ့ ဒဏ်
လောကဒဏ်ရဲ့ ဒဏ်
ဆင်းရဲမှု့ရဲ့ ဒဏ်။။။။။။။။။။

အင်း.............................

ဘုရားသခင်ကလည်းဒဏ်ခတ်
အဖေနဲ့သမီးအဆက်ပြတ်ခဲ့ရပါတယ် ။။။။။

ကိုယ့်အားကိုယ်ကိုး
ကိုယ်ထူမှကိုယ်ထ
ဒီဘဝရောက်မှ
အဖေ့နဘေး
သမီးအပြေးလာချင်ပေမယ့်
သမီးအဝေးမှာရောက်နေတယ်အဖေ။။။။။

မှတ်မိပါသေးတယ်အဖေ

"စကားနယ်ပယ်မှာ
နှုတ်ရေးကြွယ်ရမယ်" တဲ့
နှုတ်ချိုသျှိုတစ်ပါး
စကားကြီးဆယ်ခွန်း
တခွန်းတခွန်းစီရှင်းပြ
လူ့အောက်မကျချင်ရင်
စကားအရာမှာဆင်ခြင်
စကားပညာကိုပြန်ဆင်မယ်ဆိုရင်
လောကမှာတွင်ကျယ်နိုင်သတဲ့လေ။။။။

အင်း......................
ရိုးလွန်းရင် "အ" သတဲ့
အလွန်း "န" တဲ့အဖေရဲ့ သမီး

အခုတော့.........
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဦးဆောင်ရင်ဘောင်တန်းနေတဲ့
သမီးကိုအဖေပြုံးပြုံးကြီးနဲ့
ပီတိတွေတဝေဝေဖြစ်နေမှာ
သမီးမြင်ရောင်နေပါတယ်အဖေ။။။။

စိတ်ကြမ်းလူကြမ်း
ဘဝလည်းကြမ်း
အဖေ့ရဲ့ နှလုံးသားနုနု
သမီးအခုမှတွေ့မြင်
အဝေးတနေရာကအဖေ
တဘက်သတ်ခွင့်လွတ်နိုင်ပါစေ။။။

အဖေပေးခဲ့တဲ့ "စကား" ပညာနဲ့ပဲ
အဖေ့သမီးဘဝလမ်းမှာ
အသုံးချလာရင်းနဲ့အောင်မြင်လာခဲ့
အဖေနဲ့ဝေးမှအဖေ့ကိုပိုချစ်လာ
အဖေ့ရဲ့ ချစ်ခြင်းတွေကိုထောက်ပြ
ဟောဒီသမီးရဲ့ ..............
"နောက်ကျမှတ်တမ်း" ကို
အဝေးတနေရာကအဖေ
ကျေနပ်ခွင့်လွှတ်နိုင်ပါစေ

အဖေ........
****ချမ်းမြေ့ ပါစေ***

လွမ်းတယ် ဖေဖေ



အဝေးတနေရာမှချစ်သမီး

လတ်(စံပယ်) ၁၉-၂-၂၀၀၉
Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment