♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

Wednesday, September 23, 2009

တဖက်သက် အလွမ်း

လမင်းဝင်း တမျှ
မင်းအလှ မျက်ဝန်း
ရင်မှာလှိုက် ဖို
အကြင်နာ ရှိုက်ကာပိုတော့
ဒီရင်မှာဖြစ်တည်လာ
မင်းလေးကိုချစ်သည်ပါတဲ့.........

ပေါ်ဦးစ ဖူးငုံအချစ်
မင်းလေးကို ဖွင့်ကာလှစ်ဖို့
မှန်းမျှော်ကာ လှိုက်တုန်ရင်မှာ
အားမာန်ကို ထန်ကာတင်းလို့
မင်းအနားကို အချဉ်းလာတော့
မင်းမို့ ပြောရက်စကား
ငါ့မှာချစ်သူ ရှိပြီးသာပါတဲ့..........

ချစ်သူရယ်
နှစ်တွေကြာသော်လည်း
အပြစ်မမြင်ဘဲ ချစ်နေခဲ့တယ်
ငါ့ရင်မှာမင်းကိုတမ်းတတဲ့ အချိန်
မင်းကတော့ တယောက်သောသူကို
လွမ်းတေးတွေသီဆိုပြနေခဲ့တယ်လေ
မင်းအတွက်ဆိုရင်
ငါ့ရင်မှာအချစ်တွေရှိပြီးသာပါကွယ်..........

တွေဝေနေတဲ့စိတ်တစုံ
နံနက်ခင်း လမ်းမထက်မှာ
ဝေခွဲမရ မှုံမှိုင်းရင်းနဲ့
မြူတွေနဲ့ ဆိုင်းခဲ့ရပြီပေါ့ကွယ်......

Stumble
Delicious
Technorati
Twitter
Facebook
Yahoo
Reddit
Feed

No comments:

Post a Comment