ဘဝမှာ...
ချိုမြိန်တဲ့ နာကျင်မှုတွေ ရှိမှ
လှပတဲ့ ကဗျာ ဆိုတာ ပေါက်ဖွား လာတက်တယ် ဆိုရင်ပေါ့
ငါ့ ရဲ့ မဖြစ်နိုင်တဲ့ ချဉ်ခြင်းတပ်မှုတွေ အားလုံးဟာ
နင် မမြင်နိုင်တဲ့ ကမ္ဘာ တဖက်စွန်း ဆီမှာ
နှစ်ပေါင်းများစွာ......
နင်ပြောသလိုဆိုရင်
ငါဟာ ဖိနပ်မပါဘဲ လမ်းလျှောက်နေခဲ့ရသူလား
ချစ်ခြင်းတွေနဲ့
ပြီးတော့.........
နင့်အတွက် ပျော်ရွှင်ခြင်းတွေ
စိုက်ပျိုးပေးခဲ့ဖူးတဲ့ ဥယျာဉ်မှာ
ငါ့ နှလုံးသားတွေ ပွန်းပဲ့ သွေးစို့တဲ့အထိ
ဂရုတစိုက် ပြုစုယုယခဲ့တာ
လူသားပီသစွာနဲ့ပါ.........
ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတဲ့
ရှေ့ လူအများပြောတဲ့ စကားမျိုးကိုလည်း
ငါ နဲ့အဝေးဆုံးမှာထားရစ်နိုင်ခဲ့ပါပြီ
ဒါနဲ့များဟာ
ငါ့ဘဝထဲက ကြယ်စင်တွေဟာ
ဘာကြောင့်များ မပြောမဆို ထွက်သွားကြရတာလည်း ဟင်...
ပြတင်း တံခါးတွေ ဖွင့်ထားပါလျက်နဲ့
ကျေးငှက်တို့ရဲ့ သာယာတဲ့တေးသံတွေ
ပီပြင်စွာ ကြားခွင့်မရတဲ့ အရပ်မှာ
ငါ...ငါ တကယ်ပဲ နေ....နေ ရပါတယ်....။
မောင် ရဲ့ စံပယ်
No comments:
Post a Comment