စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ရတဲ့
ငါ့ဘ၀အမှောင်ကမ္ဘာလေးထဲမှာ
ပျော်စရာဆိုတာ ဘယ်မှာလဲ...
အကြင်နာမေတ္တာဆိုတာ ဘာလဲ....
သံယောဇဉ်နဲ့ အချစ်ကို သေချာမသိခဲ့တဲ့...ငါ
ချစ်တယ်ဆိုတဲ့ စကားဟာ ဘယ်သူ့အတွက်လဲလို့ သေချာမစဉ်းစားမိခဲ့တဲ့...ငါ
အရာအားလုံးကို ၀ိုးတိုးဝါးတားနဲ့ နားလည်မှုမရှိသေးခဲ့တဲ့...ငါ
ငါ....ဆိုတာ ဘယ်သူလဲ...
ငါ့အချစ်တွေ က ဘယ်သူအတွက်လဲ...
ပုစ္ဆာ တစ်ပုဒ်ကို အဖြေထုတ်ခဲ့တာ နှစ်ပေါင်း ၂၀ကျော်ခဲ့ပြီပေါ့.....
အခုတော့.............
သေချာဝေဖန်ပိုင်းခြားပြနိုင်တဲ့...ကျမဘဝရဲ့ ပိုင်ရှင်လေး...
အချစ်မီးအိမ်ငယ်လေးကို ကြင်နာယုယစွာပိုက်ထွေးလာခဲ့ပြီ...
အရာရာ မသေချာမရေရာ စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်းခဲ့တဲ့...ငါ ဟာ
ဒီတစ်ခါတော့.......
ကံကောင်းခြင်းများစွာက ငါ့ကို ပိုင်စိုးခဲ့ပြီ...
တဒင်္ဂဆိုတဲ့ အချိန်တို တခဏတာလေးမှာ
ဖူးစာရေးနတ်ကများ ငါ့ဘက်ကို မြှားဦးလှည့် လာခဲ့လေသလား......
ငါ့ဘ၀ကို အမှောင်ခွင်းအလင်းပေးခဲ့တဲ့....သူ
ပျောက်ဆုံးနေတဲ့လမ်းလေးကို လမ်းပြကြယ်လေးတစ်ပွင့်အဖြစ် ဖန်ဆင်းဝင်ရောက်ပေးခဲ့တဲ့....သူ
ကမ်းစပ်ကိုရှာမတွေ့နိုင်ခဲ့တဲ့ ဇနက္က ....ကယ်တင်ရှင် မေခလာ အဖြစ်ဝင်ရောက်အစားထိုးပေးခဲ့တဲ့....သူ
အချစ်လပ်နေတဲ့ ငါ့ဘ၀ထဲကို .....အချစ်လက်နဲ့ကမ်းလင့်ကြိုခဲ့တဲ့....သူ
ငါ့ရဲ့ရင်ထဲကို အကြင်နာ မေတ္တာတွေ ယူဆောင်ပေးခဲ့တဲ့ မင်းကို
အတည်းကျန်ဆန် မှုတွေဝေးကွာသွားစေတဲ့အတွက်
မင်းကို တင်စားမှုလေးတစ်ခုနဲ့
ငါ့ရင်ထဲမှာ ကျောက်စာတစ်ခုအဖြစ် ကမ္ဗည်းထိုး မှတ်တမ်းပြုပါရစေလား
ကျမဘဝရဲ့ သူရဲကောင်းလေး....ရယ်
မောင့် ရဲ့ စံပယ်
No comments:
Post a Comment